![]() |
Rakhita FMAuthor: Kaoung Mrat Thau
Variety Entertainment Language: my Genres: Arts, Performing Arts Contact email: Get it Feed URL: Get it iTunes ID: Get it Trailer: |
Listen Now...
Freelance Photographer Ko Soe Naing was killed by Military Junta Forces
Tuesday, 21 December, 2021
အလွတ်တန်းဓာတ်ပုံ သတင်းထောက်တစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ၃ ရက်အကြာတွင် သေဆုံး ( English below) ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သလို အလွတ်တန်းဓာတ်ပုံသတင်းထောက်လည်း ဖြစ်သည့် ကိုစိုးနိုင်သည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီးနောက် ၃ ရက်အကြာတွင် စစ်ကြောရေးစခန်း၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက အတည်ပြု ပြောကြားသည်။ ဒီဇင်ဘာလ ၁၀ ရက် တိတ်ဆိတ်ခြင်း သပိတ်အား ဓာတ်ပုံရိုက်ကူးနေစဉ် လသာမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ " ကိုစိုးနိုင်က ခပ်အေးအေးရယ် ။ စကားတောင် သိပ်ပြောတဲ့သူမဟုတ်ဘူး ။ အဲဒီလောက် မထင်ထားဘူး" ဟု ကိုစိုးနိုင်၏ မိသားစုနှင့် နီးစပ်သူတချို့ကပြောသည်။ ဖမ်းဆီးခံရစဉ်က ကိုစိုးနိုင်နှင့်အတူ အခြားတစ်ဦးပါဝင်ပြီး ယင်း၏ အခြေအနေနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးခဲ့သူပေါင်း ၉၀ ခန့်ရှိပြီဖြစ်ပြီး ကိုစိုးနိုင်သည် ပထမဦးဆုံး စစ်ကြောရေးတွင် သေဆုံးသည့် မီဒီယာသမားဖြစ်သည်။ A freelance photographer killed by junta forces December 14, Yangon Ko Soe Naing, a freelance photographer and graphic designer, was killed in the interrogation after three days of arrest by security forces, said relatives and friends. He was arrested on 10 December while taking photos of the silent strike in Latha Township, Yangon, and killed as a result of torture by junta security forces. "He's a quiet person who doesn't talk a lot. I can't believe it," a closed friend told BAP. With him, one photographer was also arrested but BAP was unable to confirm it. About 90 people were killed in the interrogation following their arrest and Ko Soe Naing became the first journalist killed in the interrogation. Burma Associated Press













